Blogger news

Tuesday, November 23, 2010

အလွမ်းကဗျာ

ချစ်သူ...
မြတ်နိုးခြင်းတွေ..တစ်ပွေ့တစ်ပိုက်...
လေညင်းလေးနဲ့ ပို့လိုက်တယ်...
ချစ်သူခံစား..
လွမ်းဆွတ်မှုတွေ ပြေစေသားကွယ်.......။

အနားမှာ..နေ...
တစ်ဖ၀ါးမှ..မခွဲခွာချင်ပေမယ့်...
အခြေအနေ..မပေးလို့...
တို့တွေ...ဝေးနေကြရဦးမယ်........။

ဘယ်ကို..ရောက်ရောက်..
ဘယ်လောက်..ဝေးဝေး...
ပြန်ဆုံမယ့်နေ့ကို တွေးလို့...
လက်ချိုးရေတွက်..
ပြက္ခဒိန်တွေ..ကျော်ဖြတ်ကြမယ်နော်......။

ပြန်တွေ့တဲ့အခါ...
လွမ်းခဲ့ရတာတွေကို.အတိုးချ..
အရင်တုံးကထက်.. ပိုပြီး ချစ်ကြမယ်....

ပြန်တွေ့တဲ့အခါ...
သိမ်းဆည်းထားတဲ့...စကားတွေ..
နှစ်ကိုယ်ကြား..ပြောကြမယ်...

ပြန်တွေ့တဲ့ အခါ..
ကဗျာတွေ အတူတူရေးလို့..
နီးစပ်ဖို့အရေး..ဆွေးနွေးကြမယ်......

ချစ်သူရေ..
တစ်နေ့ထက် တစ်နေ့..ပိုပိုဆိုး...
အချစ်စိတ်တွေက..တိုး.တိုးလာတာမို့..
တူနှစ်ကိုယ် နီးဖို့အရေး...
ကိုယ့်အနားကို.. အမြန်ဆုံးပြေးလာခဲ့ကွယ်.....။

0 comments:

Post a Comment