Blogger news

Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Thursday, May 5, 2011

မှတ်ဥာဏ်ကောင်းချင်ရင် နေ့လယ်တစ်ရေးအိပ်

သင့်အနေနဲ့ သတင်းအချက်အလက် အသစ် တွေ မှတ်သားဖို့ လိုလာပြီဆိုရင် ပထဦးစွာ နေ့လယ်နေ့ခင်းမှာ တစ်ရေးလောက်မှေးပြီး အိပ်စက်လိုက်ပါတဲ့။
အမေရိကန်သိပ္ပံပညာရှင်တစ်ခု လေ့လာ တွေ့ရှိချက်အရ ဦးနှောက်အတွင်းမှာ ရှိတဲ့ ဟစ်ပိုကမ်းပတ်စ် (Hippocampus) လို့ ခေါ်တဲ့နေရာသည် သတင်းအချက်အလက် အတွေ့အကြုံ အမြင်အကြားအသစ်တွေကို လက်ခံပေးတဲ့နေရာဖြစ်ကြောင်း၊ တစ်နေ့တာကာလအတွင်း သတင်းအချက်အလက် အသစ်များ ပြန်ဖြည့်ပေးနိုင်ကြောင်း၊ သို့သော် ခေတ္တ ခဏအိပ်စက်ပေးဖို့လိုကြောင်း၊ ယင်းသို့ ခေတ္တအိပ်ပျော်နေစဉ်တွင် ရှိပြီးသား သတင်းအချက်အလက်များကို ဦးနှောက် ရှေ့ပိုင်းရှိ Prefrontal cortex ဟုခေါ်သောနေရာသို့ ပြောင်းရွှေ့ပေးလိုက်ပြီး ထိုနေရာတွင် တာရှည်မှတ်သားသိမ်းဆည်းထားပေးသွားတာ ဖြစ်ကြောင်း သိရပါတယ်။
ဟစ်ပိုကမ်းပက်စ်သည်အီးမေးလ်စာ တိုက်ပုံး (email inbox)နှင့် အလားသဏ္ဌာန်တူ ကြောင်း၊ သို့သော် အိပ်လိုက်ပြီးနောက် အီးမေးလ်ကဲ့သို့ သတင်းအချက်အလက်များကို ရှင်းထုတ်ပြီးမှသာလျှင် အသစ်ဝင်လာသောသတင်း အချက်အလက်များကို လက်ခံနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီဖြစ်စဉ်ဟာ အိပ်ပျော်ခြင်း အဆင့်(၂) non-REM sleep တွင် ဖြစ်ပေါ်ကြောင်းလည်း သိရပါတယ်။
Ref : Health Digest