အချိန်မှန် သည့် လေကြောင်းလိုင်း အဖြစ် မြန်မာ့ လေကြောင်းကို ရွေးချယ် သတ်မှတ် စစ်တမ်း ကောက်ယူ မှုတွင် ပါဝင်သည့် ပြည်ပ လေကြောင်း လိုင်း ၅၁ ခု အနက် အချိန်မှန် ထွက်ခွာမှု၌ ရာခိုင်နှုန်း ၁၀၀ ဖြင့် အမှတ်ပြည့် ရရှိသည့် လေကြောင်း လိုင်း နှစ်ခု သာရှိပြီး China Southern လေ ကြောင်းလိုင်း နှင့် မြန်မာ့ လေကြောင်းလိုင်း တို့ ဖြစ်ကြောင်း၊ ထိုလေကြောင်း လိုင်းနှစ်ခု ၏ နောက်တွင် အမေရိကန် လေကြောင်း က ဆန္ဒမဲ ၉၆ ဒသမ ၈ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ ကာတာ လေကြောင်းက ဆန္ဒမဲ ၉၆ ဒသမ ၄ ရာခိုင် နှုန်းဖြင့် တတိယ၊ ပင်လယ် ကွေ့ လေကြောင်း (Gulf Air)က ဆန္ဒမဲ ၉၆ ဒသမ ၁ ရာခိုင်နှုန်းဖြင့် စတုတ္ထ နေရာမှ ရပ် တည် လျက်ရှိသည်။