Blogger news

Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts

Monday, April 18, 2011

အချစ်ကြိးသူ

အချစ်ကြိးလိုအရှုံးကြိးပေးမယ်

အရှုံးများလိုအသုံးမတည်ဘူးဆိုပိ

ပစ်ခွာသွားမယ်သူမဟုတ်ပါဘူး..

ထာဝရဆိုတယ်စကားနဲ့ အမှန်ဗျဆိုပိ

ဒူထောက်ပြိမင်းလေးကိုအကိုချစ်ပါရစေ

Monday, April 4, 2011

အလွမ်းများ

ချစ်သူ့နှုတ်ခမ်း လွမ်း၍နမ်းသော် နမ်းရာမထင် လွမ်းရာထင်လို့ ရင်မှာလောင်ကျွမ်း နေလောင်ပန်းလို.....

Tuesday, December 14, 2010

အလွမ်း...အဆွေး

အလွမ်း...

အဆွေးတွေကိုသာ...

လျော်ကြေးတောင်းလို့ရမယ်ဆိုရင်...

ငါဟာ...ကမ္ဘာမှာ အချမ်းသာဆုံး

ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်....


ကောင်မလေးရေ...

အဲဒီ့...

အလွမ်းအဆွေးတွေ ဆိုတာကလည်း

ငါလုပ်ယူခဲ့တာမဟုတ်သလို...

ဖျောက်ဖျက်ပြစ်ဖို့ကလည်း...

မဖြစ်ပြန်ဘူး...


ဟိုး...ငယ်ငယ်

ကလေးဘ၀က

ဖိုးလမင်းကြီးကို ကြည့်ပြီး

" ဖိုးလမင်းကြီးရေ...

ထမင်းဆီဆမ်း...

ရွှေလင်ပန်းနဲ့ပေးပါ" လို့

အမေတိုင်ပေးခဲ့တဲ့ စကားလေးကိုရွတ်ရင်း

ဘာရယ်မဟုတ်....

အဲဒီ့ လမင်းကြီးကို

အနီးကပ်တွေ့ချင်....

မြင်ချင်ခဲ့ပြန်တယ်...

အဲဒါဟာလည်း...

တမ်းတလွမ်းဆွေးခြင်းတစ်ခုဆိုတာ...

ငါ...မသိခဲ့ဘူး....



ခုတော့ တိုင်ပေးသူ

ဘယ်သူမှမရှိတဲ့

စကားလုံးတွေနဲ့

ငါတစ်ယောက်တည်း...

တီးတိုးရေရွတ်...

အလွမ်းအဆွေးဆိုတာကို

ငါ...သိခဲ့ရပြီ...


ကောင်မလေးရေ...

အဲဒီ့...အလွမ်းအဆွေးဆိုတာဟာ

ဆေးမရှိတဲ့ ရောဂါတစ်ခုပဲ...

အဲဒါကို ငါ...သိပ်မကြာခင် အချိန်ကမှ

သိခဲ့ရတယ်...


နင်ပြောခဲ့တယ် မဟုတ်လား...

လွမ်းရင်...ဆွေးရင်...

ဓာတ်ပုံလေးကြည့်...

တိတ်ဆိတ်တဲ့အခန်းလေးထဲမှာ

တစ်ယောက်တည်း

လွတ်လွတ်လပ်လပ်

သီချင်းတွေဆို...

လသာရပ်မှာ

လမင်းကိုကြည့်

ပြန်ဆုံမယ့်နေ့တွေကို

ကုန်လွန်စေတာဟာ

အဲဒါ...ငါတို့နှစ်ယောက်အတွက်

ဖြေဆေးတစ်ခုဆိုတာလေ


ဒါပေမယ့်...

ငါ...ရွတ်ဆိုခဲ့တဲ့ သီချင်းတွေလည်း

ထောင်သောင်းမကတော့ပါဘူး...

ငါ...ကြည့်ခဲ့တဲ့ လပြည့်ည လမင်းတွေလည်း

ထောင်သောင်းမကတော့ပါဘူး...

ငါ...နမ်းခဲ့တဲ့ ပုံရိပ်လေးတစ်ခုဟာလည်း

ဆေးရောင်ပြယ်လွင့်လို့

အစားပြန်မရနိုင်တော့ပါဘူး...



ဟောဒီ့...ရင်ဘတ်မှာ

စိုက်ထူခဲ့တဲ့အရာဟာ

အလွမ်းအဆွေးတွေဖြစ်မယ်ဆိုတာ

အစကတည်းက သိခဲ့ရင်ရော

ငါ...ဘာလုပ်မယ်ထင်လဲ...

တကယ်တော့...

ငါဟာ...ပိုးဖလံမျိုးပါ...


ကောင်မလေးရေ...

ငါ..ကြည့်ရမယ့် လပြည့်ည လမင်းတွေလည်း

မကြာခင်မှာ ရောက်လာဦးတော့မယ်...
--------------------------------------------------------
--------------------------------------------------------
--------------------------------------------------------
(ကောင်မလေးကို ရုတ်တရက် သတိရသွားမိလို့ပါ...)

Sunday, December 12, 2010

တိတ်တိတ်ပုန်းအလွမ်း(ကဗျာ)

ကျပျောက်ခဲ့ရသလိုနဲ့ ပြန်လှည့်မရှာနဲ့ …..။
ငါ့နှလုံးသားကိုအသေသတ်ပြီးမှတော့
ဟန်ဆောင်တဲ့မျက်ဝန်းတွေနဲ့ 
ဝမ်းပမ်းတနည်းမရှိုက်ငိုပါနဲ့ တော့။

ငါ့ရင်တွေကွဲခြောက်လို့ 
ငါ့အတွေးနဲ့ ငါစိတ်ကူးကအတိတ်ရဲ့
မင်းပုံရိပ်တွေကိုကြောက်လန့် နေဆဲ
ငါခံစားကြေကွဲနေတာလားမသိဘူး။
မျက်ဝန်းတွေကတော့ကျန်ရှိနေသေးတယ်။
ဖောက်ထုတ်ဖို့ မသက်သာတဲ့ဘ၀မှာတော့
မင်းကိုဆက်လွမ်းနေရဦးမယ်ချစ်သူ……..။

ငါ့စိတ်တွေမင်းကိုဘယ်လိုပဲဆန့် ကျင်နေပါစေ
ငါအချစ်တွေမင်းအတွက်အဆင်သင့်ဖြစ်ခဲ့တယ်
ငါ့လက်တွေကမင်းလက်လေးတွေကိုတောင့်တ
ပြန်မရနိုင်တော့ဘူးဆိုတဲ့အသိနဲ့ 
ငါ့လက်တစ်ဖက်ကိုပြန်ထိုးထဲ့ပေးထားရတယ်။
အတွေ့ တော့မတူပေမယ့်လည်း…….
ခံစားရမှုအလုံးစုံကိုသက်သာလို့ သက်သာငြားပါ။

အထီးကျန်ခြင်းမျိုးကိုမသိဘူး……
မင်းပေးခဲ့တဲ့အသိတွေနဲ့ ငါရှေ့ဆက်နေတယ်…..။
အမှောင်ကိုမတိုးမိအောင်သတိမူတယ်
အလင်းကိုတော့မင်းရှိနေတုန်းကလို
ငါရှာမတွေ့ ခဲ့တာအမှန်ပါချစ်သူ……။
မင်းကိုပြန်လည်မတပ်မက်တော့ဘူး
မင်းငါ့ဆီကိုပြန်လာပေးပါ………။
မနေ့ တုန်းကလိုပဲ
ဘာမှန်းမသိတဲ့ဂယက်တွေနဲ့ 
ငါ့စိတ်တွေလွန်ဆွဲ
ငါ့နှုတ်တွေဆွံ့ အ နေဆဲ……..။

ခုတော့လည်း
မီးရောင်ခပ်ရေးရေးနဲ့ 
အမှောင်ခန်းကျဉ်းကျဉ်းလေးမှာ
ငါကဗျာတွေရေးတတ်နေပြီ
မင်းမရှိတော့လည်း
သူနဲ့ ငါနှစ်ယောက်ထဲ
မင်းအကြောင်းတွေပြောရင်း…..ပြောရင်းနဲ့ 

Tuesday, November 23, 2010

အလွမ်းကဗျာ

ချစ်သူ...
မြတ်နိုးခြင်းတွေ..တစ်ပွေ့တစ်ပိုက်...
လေညင်းလေးနဲ့ ပို့လိုက်တယ်...
ချစ်သူခံစား..
လွမ်းဆွတ်မှုတွေ ပြေစေသားကွယ်.......။

အနားမှာ..နေ...
တစ်ဖ၀ါးမှ..မခွဲခွာချင်ပေမယ့်...
အခြေအနေ..မပေးလို့...
တို့တွေ...ဝေးနေကြရဦးမယ်........။

ဘယ်ကို..ရောက်ရောက်..
ဘယ်လောက်..ဝေးဝေး...
ပြန်ဆုံမယ့်နေ့ကို တွေးလို့...
လက်ချိုးရေတွက်..
ပြက္ခဒိန်တွေ..ကျော်ဖြတ်ကြမယ်နော်......။

ပြန်တွေ့တဲ့အခါ...
လွမ်းခဲ့ရတာတွေကို.အတိုးချ..
အရင်တုံးကထက်.. ပိုပြီး ချစ်ကြမယ်....

ပြန်တွေ့တဲ့အခါ...
သိမ်းဆည်းထားတဲ့...စကားတွေ..
နှစ်ကိုယ်ကြား..ပြောကြမယ်...

ပြန်တွေ့တဲ့ အခါ..
ကဗျာတွေ အတူတူရေးလို့..
နီးစပ်ဖို့အရေး..ဆွေးနွေးကြမယ်......

ချစ်သူရေ..
တစ်နေ့ထက် တစ်နေ့..ပိုပိုဆိုး...
အချစ်စိတ်တွေက..တိုး.တိုးလာတာမို့..
တူနှစ်ကိုယ် နီးဖို့အရေး...
ကိုယ့်အနားကို.. အမြန်ဆုံးပြေးလာခဲ့ကွယ်.....။

Tuesday, November 16, 2010

အနိုင်မခံ

 မင်းကိုနိုင်တောင်းဆိုထားတယ်ဘ၀မှာအသုံးဝင်ဒါလေးသို့မဟုတ်စိတ်ဓါတ်ခိုင်မာနိုင်တယ်ကဗျာလေးတင်ပေးပါ
လိုတောင်းဆိုထားလိုကျနော်တင်ပေးလိုက်ပါပြိအစကမေးလ်နဲ့ ပိုခိုင်းတယ်အတွက်ကျနော်မပိုလိုက်တာက
သူငယ်ချင်မိတ်ဆွေအများဖက်လို၇အောင်လိုဆိုဒ်မှာတင်လိုက်ပါတယ်။


ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်

ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော

ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။

လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့

ကျရောက်နေရငြားသော်လည်း ငါကားမတုန်လှုပ် မငိုကြွေး

ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်

ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်

ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား

သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။

သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့။

နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။

သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ

ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင်များစွာ

မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု

ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍

ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း။

Sunday, November 14, 2010

အမေအတွက် ကဗျာ

မေမေ ရေ ...
အရိုင်းအစိုင်းမာယာတွေနဲ့တွေ့တိုင်း ခေါ်နေမိတာ အကြိမ်ကြိမ်ပေါ့
မေမေကတော့
လောကဓံ ဘယ်နှစ်ပါးဖြစ်ဖြစ် ထမ်းထားမှာပဲ ဆိုတဲ့ လူမျိုး
လာမယ့် အန္တရာယ် ရင်ဆိုင်တွေ့ ...
အဲဒီလို... ကျွန်တော့် ထမင်းပန်းကန်လေးကို ဖြည့်ဖြည့်ပေးခဲ့တာ ကြာပေါ့

ဒါပေမယ့်လေ
ကျွန်တော်ဆိုးသမျှက မေမေ့မျက်ရည်
ဒီလိုဆိုတော့လည်း မတရားဘူးနော် မေမေ...
မေမေ့ရင်ထဲကို ဆူးတွေထိုးထိုးသွင်းနေတဲ့ လူဆိုးလေးကျွန်တော်ပါ
မေတ္တာတရားကို တာဝန်မကျေခဲ့တဲ့ လူမိုက်ကျွန်တော်ပါ
အခုမှ နောင်တတွေနဲ့ မျက်ရည်ဝဲ
အဝေးကပဲ ရှိခိုး ဦးချနေရပါပြီ မေမေရယ်

"မေမေရဲ့သားနိုင်တယ်" ဇော်ဝင်းထွဋ်သီချင်းလေး ဆိုချင်တာပေါ့
အခုတော့ မေမေ့ မမြင်ကွယ်ရာမှာ အကြိမ်ကြိမ်ကျရှုံး
ဒါပေမယ့် ဘယ်တော့မှ လက်မမြောက်ခဲ့ပါဘူး
မေမေ့ရင်ထဲ ပျော်ရွှင်ခြင်းတွေပဲ ရွာသွန်းစေဖို့ ကျွန်တော်ကိုယ်တိုင် ရွာမယ့်မိုးပါ မေမေ
ဒီကဗျာလေးနဲ့ စ မယ်နော်။

အိမ်က ထမင်းဝိုင်းလေးလည်း နေရာတွေ လွတ်လို့ လပ်လို့ နေမှာ
တစ်နေ့နေ့ပေါ့ မေမေရယ်
အဲဒီတစ်နေ့နေ့မှာ မိသားစုကောင်းကင်ထဲ အတူတူ ပျံသန်းကြမယ်
ပျော်ရွှင်ခြင်း အတောင်ပံတွေ ဖြန့်လို့ပေါ့။
အဲဒီတစ်နေ့နေ့မှာ ကျွန်တော်ဟာ မေမေ့ရင်ခွင်ထဲမှာ ခိုနားနေတဲ့
သားလိမ္မာလေးဖြစ်နေလိမ့်မယ်
တစ်နေ့နေ့ပေါ့ မေမေရေ...

ဆုတောင်းခြင်းများ
မေမေ့ရဲ့ မေတ္တာဖြင့် ပြည့်ပါစေသား

ဒီနေ့အကြောင်း

မနေ့ကအကြောင်း မပြောနဲ့ဆိုတော့
ဒီနေ့အကြောင်း ရေးမယ်
ဒီနေ့က ငါရဲ့ထုံထိုင်းမှုတွေနဲ့
ဒီနေ့က ငါ့ရဲ့ ညောင်းညာမှုတွေနဲ့

အမေ့ဆီ ဖုန်းဆက်တယ်
ခြေသည်းလက်သည်း ညှပ်တယ်
အွန်လိုင်းပေါ်မှာ တစ်နေကုန်တယ်
မပြီးသေးတဲ့စာတွေကို မသိချင်ယောင်ဆောင်တယ်

ကွေးကောက်သွားတဲ့ခြေသည်းတွေလို ငါ့စိတ်နဲ့ငါ ခြေစွယ်ငုတ်တဲ့ ဒီနေ့
လူမှုရေး ညောင်းညာမှုတွေနဲ့ ဒီနေ့
ကိုက်နေတဲ့ မျက်ရိုး၊ ဆာနေတဲ့ဗိုက်၊ ကိုယ်သွေးကို ပြန်စုတ်မိတဲ့ ဂျပိုးလို ဒီနေ့
တံခါးတွေ ဖွင့်ထားသလိုလို ပိတ်ထားသလိုလို မတင်မကျ ဒီနေ့

ကိုယ်ကိုကိုယ် ပြန်မဆက်သွယ်နိုင်
ကိုယ်ဘာသာစကားကိုယ် နားမလည်
ကိုယ့်အော်သံ ကိုယ် မကြား
ကိုယ့်ငရဲမှာ ကိုယ်ပျော်တဲ့ ဒီနေ့ပေါ့

မေမေရေ ဖုန်းကိုင်ပါတော့
ထုံထိုင်းမှုမှာ ကျွန်တော့်အရေပြားတွေ ခြောက်သွေ့ကုန်ပေါ့

အဓိပ္ပာယ်တွေ ရှာမရတော့တဲ့အခါ... ကဗျာ

>> Sunday, February 7, 2010

ရေခိုးရိုက်နေတဲ့ မှန်တစ်ချပ်လိုပဲ
အနာဂတ်တွေကေ၀၀ါး - ဝေးဝေးမမြင်နိုင်
အချိန်မှန်ပျက်တတ်တဲ့မီးလိုပဲ
ကံဆိုးခြင်းက အချိန်မှန်ထက်စောစောပြီး ရောက်ရောက်လာ - တစ်ခါတစ်လေ တစ်နေကုန်
ဒီလိုနဲ့ ကမ္ဘာကြီးလည်နေပါတယ် - ယုံ။

အုံ့မှိုင်းမှောင်မိုက်တဲ့စိတ်ကောင်းကင်
ငါတို့ဆီမှာ
ပိတ်ထားတဲ့ တံခါးတွေက ခပ်များများ
တွန်းဖွင့်လိုက်ဖို့လက်တွေက နည်းလွန်း
အတ္တတွေ အရိုင်းဆန်လိုက်ပုံများပြောပါတယ်
ကျွန်ဖြစ်လည်း ကျွန်ပါးတော့ ဝ လိုက်ချင်သေးတယ်

ကိုယ် - စိတ်
ဖျားနာခြင်းမှာ မကြာ မကြာ ယဉ်ပါး
ငါတို့က ဒဏ်ရာစုဆောင်းသူ
ငါတို့က ကြမ်းပေါ်ကျကွဲတဲ့ ကြက်ဥပါး
ကြေကွဲစတိုင်း သွေးရဲသားရဲ လှရဲ့

အစာချောင်းနေတဲ့ ကျီးတွေ သိပ်များလွန်းတဲ့ ကမ်းခြေပါ
ငါတို့ရဲ့ သွေးရဲသားရဲတွေ လုံခြုံအောင် ဖွက်ထားလိုက်ကြ
ရာသီဥတုက အခုအချိန်ထိ မကောင်းနိုင်သေးဘူးရယ်။

ငါ့လက်ထဲက ဂျိုကာ

ငါဟာ ငါ့ရဲ့ ဟာသပါပဲ
လူရွှင်တော်ဒဏ်ရာနဲ့ "မကျေမနပ်ပြတ်လုံး"တွေ ရေရွတ်
တစ်ကိုယ်တော်မှောက်မှားခဲ့တဲ့ မိုးကြိုးညပျက်ပေါင်းများစွာ

ဂျိုကာတစ်ကောင်ရဲ့ငိုပွဲဟာ လူများတွေအမြင်မှာတော့ ရယ်စရာပါပဲ
ငါလည်း ငါ့ကိုယ်ငါ ဝမ်းနည်းပက်လက် ရယ်ပွဲဖွဲ့

အမုန်းကျောက်တုံးတွေ ငါ့လည်ပင်းမှာ အသာအယာချီဆွဲ
ကံတရားမျက်နှာလိုက်မှုကို မယုံမကြည်နဲ့
နာကျင်ခံခက် ဒုက္ခပင်လယ်ထဲ ထိုးဆင်းလိုက်တဲ့အခါ

ငရဲ နဲ့ နိဗ္ဗာန် ကျောခင်းကပ်လျက်
ပရိတ်သတ်ကြီး ရီ(ရယ်)ပါ။

ငါ့ဘန်ဝတ် ဘယ်သူရွှေ့သွားသလဲ?

>> Friday, February 26, 2010

အနည်ထိုင်နေတဲ့ မန်မိုရီတွေ
အမှိုက်တွေ အပြည့်နဲ့ ဟာ့ဒစ်တွေ
ခေတ်ကြီးထဲ
ငါ့ဘန်ဝတ်ကို ဘယ်သူလာလုသွားသလဲ

တစ်နေ့တစ်နေ့ တွက်ချက်မှုနဲ့ ရှင်သန်နေရတဲ့ ပရောစက်ဆာတွေ
ကေဘယ်ပေါင်းစုံပေါ်မှာ ပြေးလွားနေရတဲ့ ဒေတာတွေ
အရေးကြီးလို့ပါ
ငါ့ဘန်ဝတ်ကို လာမလုကြပါနဲ့

လိုက်မမီနိုင်အောင် အသစ်တွေ တဖျတ်ဖျတ်နဲ့ ​ဝက်(ဘ်)
စွမ်းအင်သိပ်စားတဲ့ ပရိုဂရမ်
လိုအပ်မှုတွေထဲ
ငါ့ဘန်ဝတ်တွေ ဘယ်ပျောက်ကုန်ပြီလဲ

ပေါ်လာတစ်စက္ကန့်
ပျောက်သွား ခဏခဏ
ကြည့်နေတဲ့ ဗီဒီယို ထစ်နေလို့ပါ
ငါ့ဘန်ဝတ်လေး ပြန်ပေးပါ

ဝါယာကြိုးတွေနဲ့ ကမ္ဘာ
ဝါယာကြိုးမဲ့ ကမ္ဘာ
ထိုင်ပဲစောင့်နေရမလား၊ ဟန်မ် နဲ့ ဟော့ လိုပဲ ထပြီးလိုက်ရှာရမလား
ပျောက်နေတဲ့ ဘန်ဝတ်တွေအတွက်...

ဘဝ

အဓိပ္ပါယ်ရှိရှိ သေဖို့အတွက်ကတော့...
ခေါင်းထဲမှာ အမှိုက်တွေ မရှိမှ ကောင်းမယ်..
အတ္တတွေ ၊ မာနသံတွေ ၊ လောဘဒေါသတွေ..
အားလုံးကို ရှင်းပစ်လိုက်ပြန်တော့လည်း..
နေရထိုင်ရတာကိုက ဂွကျပြန်ရော...
သိပ်ခက်မှာတော့မဟုတ်ပါဘူး...
လူပီ သ လာလေ....
အသက်ရှူဖို့ ၀န်လေးလာတာ မဆန်းတော့ပါဘူး....

Saturday, November 13, 2010

ကဗျာများ

` မ ´
ဘယ်သူ့အတွက် ပွင့်ခဲ့တဲ့ ပန်းလေးလည်းကွယ်...
`မ´ရယ် မောင်ပြောတာ မလုံလောက်သေးလို့လား
`မ´အတွေးမှာ မယုံလောက်သေးလို့လား...
ပန်းလိုလှတဲ့ `မ´ကို မောင့်ရာသီအမှီ ပွင့်စေချင်ကြောင်း
ဆုတောင်းမိတာ အပြစ်ဆိုရင်
ချစ်မိတဲ့ မောင့်အပြစ်က တစ်ဝက်
သိပ်လှတဲ့ `မ´အပြစ်က တစ်ဝက်ပေါ့...
`မ´နှုတ်ခမ်းလေးတွေ အရောင်ဆိုးတိုင်း၊
`မ´ဆံနွယ်တွေ လေပြည်မှာ လွင့်မျောတိုင်း၊
`မ´ရင်မှာ မောင့်အကြောင်းတွေ တွေး၊
`မ´တစ်ယောက်ကြည်းနူးပြုံးလေးတွေ ပြုံးနေစေချင်တယ်...
`မ´တစ်ယောက် ကိုယ့်လမ်းကို လျှောက်ဖို့ လမ်းကူဖောက်ပေးရုံ သက်သက်ပါ၊
`မ´က ခရီးသည်ဆိုရင် လမ်းပြကြယ်လေး ဖြစ်ချင်လို့ပါ၊
`မ´အမောပြေရာ ချွေးသုတ်တဘက်လေးပဲ ဖြစ်ဖြစ်၊
  အိုအေစစ်လေးပဲ ဖြစ်ဖြစ်၊
`မ´ဘ၀ရဲ့ နေရာတိုင်းမှာ အဖြည့်ခံတစ်ယောက်ပဲ ဖြစ်ဖြစ်၊
`မ´အနားမှာ ထာဝရနေထိုင်ခွင့်ပြုပါတော့ `မ´ရယ်...

`၀´လုံးလေး
နှာခေါင်းလုံးလုံး၊ ပါးပြုံးပြုံးကြောင့်
`၀´လုံးလေးလို့ပဲ၊ မှတ်ထားလိုက်တယ်...
ပညာအ၀ီစိ၊ ရုပ်နတ္တိနှင့် ငွေလည်းမရှိ
ငါကိုယ်ငါလည်း သိလိုက်ပါတယ်၊ `သုည´လို့...
`၀´လုံးလေးရေ...
တို့နှစ်ယောက်က၊ တူမလိုလိုနဲ့ ကွဲပြားနေပါလားနော်...

`မျဉ်းပြိုင်အိမ်မက်´
တို့နှစ်ယောက်က ဝေးနေကြတာလည်းမဟုတ်၊
ဒါပေမယ့် နီးလည်း မနီးစပ်ခဲ့ဘူး၊
သြော်..နောက်ဆုံးသိလိုက်ရတာက၊
မင်းနဲ့ငါဟာ ဆန့်ကျင်ဘက်
`မျဉ်းပြိုင်နှစ်ကြောင်း´ကိုး...

`မင်းအကြောင်း´
အိမ်မက်တစ်ခု ငြိမ်သက်မှုနဲ့လဲလျောင်း၊
ငါ့ခေါင်းထဲမှာ မင်းအကြောင်းတွေပါပဲ...
ရည်မှန်းချက်လား ခပ်ဝါးဝါးတောင်မတွေး
မပေးဖြစ်တဲ့ ကဗျာတွေမှာ မင်းအကြောင်းတွေပါပဲ...
မနက်ဖြန်အတွက်ဆို လက်တံလှည့်မရတဲ့ နာရီလို
ရာသီပြိုအလွမ်းတွေနဲ့ ကြမ်းနေခဲ့တဲ့ ငါ့နှလုံးသားမှာ
အမြဲစဉ်းစားနေတာ မင်းအကြောင်းတွေပါပဲ...
ဘ၀အကြောင်း စာလုံးပေါင်းဖို့ ကျောင်းပို့ခဲ့တဲ့
အဖေနဲ့ အမေ၊ ဒါပေမဲ့ ပေခဲ့ လေခဲ့တဲ့ ငါ
စာဆိုတာ အမြဲရေး မင်းအကြောင်းလေးတွေချည်းပါပဲ...

`နိဒါန်းမဲ့ နိဂုံး´
အိမ်မက်တစ်ခုပါလို့ ငါကိုယ်ငါ ဖြေသိမ့်ခဲ့ရ
ငါရှာဖွေနေခဲ့တာပေါ့ အာဒမ်ရဲ့ နံရိုးလေး...
ဒီအချိန်မှာ `၀ုန်း´ခနဲလာဆောင့်
ဘယ်ဘက်ရင်အုံမှာ တော်တော်အောင့်သွားခဲ့
`အချစ်´ ဖြူသလား၊ မဲသလား မကွဲပြားခင်
ငါ့နှလုံးသား မွမွကြေသွားခဲ့တယ်...
ငါဟာ ရှုံးနိမ့်သူ မဟုတ်ပါဘူး
ယှဉ်ပြိုင်ခွင့်တောင် မရခဲ့သူပါ...
ပိုင်ရှင်ရှိတဲ့ ပန်းတစ်ပွင့်ကို
နမ်းခွင့်တောင် မမျှော်ကိုးရဲ
အဝေးက တမ်းတလွမ်းနေရရုံပါပဲ...
`အားလုံးကို စွန့်လွှတ်ရရင်တောင်
သတိရခြင်းကို ငါပိုင်တယ်´ဆိုတဲ့
တာရာမင်းဝေရဲ့ စာသား
ငါ့အတွက်တော့ မှားနေခဲ့...
တောင်ပံကျိုးပျက်ခဲ့တဲ့ ငှက်တစ်ကောင်အတွက်
သတိရခွင့်တောင် ရှိသေးရဲ့လား
မစဉ်းစားချင်တော့ဘူး...

`ရင်ကွဲရသ´
ရင်ကွဲရသ မချိုမြပါဘူး
ဒါပေမယ့် မင်းပေးခဲ့သမျှ..အမှတ်တရ
ဒါပဲရခဲ့တော့.....
မင်းနဲ့ ပတ်သက်မိမှတော့
ခံစားခဲ့ရသမျှ..အားလုံးဟာ
ရင်ကွဲရသ.....
သင်ပေးသမျှ မရလို့တဲ့
ငယ်ငယ်က ဆရာမ
ရိုက်ခဲ့မိတာ မနာမိပါဘူး
အခုတော့ ရွယ်ရုံနဲ့တင်
အရှိုးထင်နေတဲ့ နှလုံးသားက
မရမချင်း ကျက်နေမိတာ(မင်းပေးခဲ့တဲ့)
ရင်ကွဲရသ တဲ့လေ.....

`လူမသိ သူမသိ ဖြစ်ရပ်´
`မင်းကို ငါချစ်တယ်´
မုသားများများ လင်္ကာမထားဘဲ
ခပ်ပါးပါးလေး ပြောပစ်လိုက်တယ်..
ထိုအချိန်ကတော့
သမင်မကို မြင်ရတဲ့ ကျားတစ်ကောင်လို့
ကိုယ့်ကိုကိုယ် ထင်ခဲ့တာပေါ့..
မသိလိုက်ရတာက
သမင်မရဲ့ မမြင်ရတဲ့ ထောင်ချောက်
တိုးမပေါက်တဲ့ ကြိုး
`ခုတော့ သူငယ်ချင်းလိုမျိုးလေး´ဆိုပြီး
ခပ်ပျော့ပျော့ ချည်နှောင်..
ဒီကောင်ကလည်း ငါ`ကျား´ပဲဆိုပြီး
ရဲရဲကြီးဝင်ရောက်..တဖြည်းဖြည်းနဲ့
ဒူးထောက်မှန်းမသိထောက်
ရူးလောက်ပြီဆိုမှ(အောင်နိုင်တစ်ယောက်လို)
သူခပ်ဖျဖျ ပြုံး..
`လုံးဝ မစဉ်းစားပါနဲ့တော့´
`မဖြစ်နိုင်ဘူး´
`မေ့ပစ်လိုက်ပါတော့´

မမျှော်လင့်တဲ့ စကား၊ တကယ် ဘ၀မေ့သွားပြီး
သမင်အစားခံရတဲ့ `ကျား´
ကျွန်တော်ဖြစ်သွားလေရဲ့...


`အချစ်(သို့) ရှုံးနိမ့်ခြင်း´
စစ်မရောက်ခင် မြှားကုန်တယ်တဲ့လား
ကြားရတဲ့စကား နားခါးလိုက်တာ...
ဓါးတစ်စင်းရဲ့ သိက္ခာ၊ လေဟုန်ကိုခွင်း အလင်းကို ၀ါးမြို
အားလုံးကို ဖြိုဖျက်ပစ်မယ်၊ ငါကိုယ်တိုင် ကြွေးကြော်လို့
စစ်တုရင် ခုံမှာပြေးလွှား၊ ငါကိုယ်ငါ ဆော့ကစားခဲ့တယ်...
မထင်မှတ်တဲ့ တိုက်ကွက်၊ ရိုက်ချက်က ပြင်းလွန်းတယ်
အကြည့်တစ်ချက်နဲ့တင်၊ စိတ်ဓါတ်တွေ ယိုင်လဲ
ခိုင်မြဲတယ်ဆိုတဲ့ နှလုံးသား၊ ဓါးပါးပါး တစ်လက်နဲ့ အမွန်းခံခဲ့...
ပြန်လှည့်ဖို့ စိတ်မကူးပါဘူး၊ မင်းရှေ့မှာ ဒူးထောက်
ရူးလောက်တဲ့ အပြုံးတွေကိုတမ်းတ၊ မမှန်းဆချင်တော့တဲ့ ငါ့နိဂုံး
အရူးသမားလုံးလုံး ဖြစ်ခဲ့ရတာတောင်၊ အမှောင်ကျနေတဲ့ မင်းနှလုံးသားအတွက်
ငါ့ကိုယ်ငါ လောင်ကျွမ်းလိုက်မယ်၊ ယောင်ယမ်းပြီး သတိရမိရင်ပဲ
ငါကျေနပ်ပါပြီဟာ.....
`လေပြေလေးပါပဲ´
လေပြေလေးပါပဲ...ဒါပေမဲ့
ဒဏ်ရာတွေ အနည်ထ၊ ရင်ထဲမှာ နောက်ကျိခဲ့ရတယ်...
အကဲမစမ်းရဲတော့လို့..ငရဲခန်းရောက်ဖူးတဲ့
အသဲတစ်ခြမ်းကိုလည်း `ကွဲစမ်း´ဆိုပြီး
ပစ်ထားခဲ့တာ ကြာပြီ...
အချိန်တန်တာတောင်မှ ရခဲ့တဲ့ ဝေဒနာက
ရင်ခေါင်းမှာ တွင်းအောင်း..ဇိမ်ခံလို့ ကောင်းနေလိုက်တာများ
ကျောက်ချထားရာက တစ်စက်မှကို မရွေ့သေးဘူး...
ဒီလောက်တိုးတက်နေတဲ့ ခေတ်ထဲမှာ
နာတာရှည် အဆွေးသမား ငါဖြစ်မသွားချင်လို့
ကိုယ့်ရင်ဘတ်ကို ဆုံးမ၊ သုံးမရတဲ့ ဒဏ်ရာတွေကို
ခပ်မြန်မြန်တောထုတ်၊ ကိုယ့်ဖို့မဟုတ်တဲ့ မျက်ဝန်းတစ်စုံကို(ဇွတ်အတင်း)
ရင်ခုန်ပစ်လိုက်တယ်...
တွေးခဲ့တာပေါ့..ဒီဆေးနဲ့တော့ တည့်ကောင်းပါရဲ့လို့
ဖြစ်ချင်တော့ ပိုင်ရှင်နဲ့ စိတ်ကောက် Date Out နေတဲ့ ဆေးကြီးလေ...
အကောင်းပတိကျန်ရှိနေတဲ့ တစ်ခြမ်းပဲ့အသဲကိုတောင်မှ
အလွမ်းနဲ့ တည်းထားလိုက်ရတယ်...
တကယ်တမ်းတော့..လေပြေလေးပါပဲ
ဒါပေမဲ့..ဒဏ်ရာတွေ အနည်ထ ရင်ဘတ်ထဲမှာ နောက်ကျိခဲ့ရပြန်တယ်...

`အလင်း´
ငါ့ရဲ့ ဘ၀ညခင်း၊
လမင်းမရှိလည်း၊
ဆီမီးနဲ့တင် ဖြစ်တယ်...

`မ ဆီသို့´
`မ´နဲ့ ကျွန်တော်ဟာ မိုင်ပေါင်းရာချီကွာဝေးတယ်။
တစ်နေ့နေ့ ဝေးကွာရမှန်းလည်း သိတယ်။
ဒါပေမဲ့ အရာအားလုံးကို လျစ်လျူရှု့ပြီးတော့၊
`မ´ကို ကျွန်တော်တစ်ဖက်သတ် ချစ်ခဲ့တာ `မ´သိရဲ့လား။
`မ´နဲ့ တွေ့ဆုံခဲ့တဲ့ အချိန်တိုင်းဟာ၊
ကျွန်တော်အတွက်တော့ အားလုံးအမှတ်တရတွေချည်းပါပဲ။
`မ´ပြုံးရင် ကျွန်တော်ပျော်တယ် သိလား။
အဲဒီလောက်နဲ့တောင် ပျော်နေတာ၊
`မ´သာ ကျွန်တော်ကို ပြန်ချစ်မယ်ဆိုရင်၊
ကျွန်တော် ရူးသွားလောက်တယ် `မ´ရယ်။
ဒါက ကျွန်တော့် စိတ်ကူးလေး...၊ တစ်ခုတည်းသော စိတ်ကူးလေးပါ။
အခြေအနေတွေက မတူညီကြဘူးဆိုတာ ကျွန်တော်နားလည်ပါတယ်။
အဲဒီအတွက်လည်း အဆိုးဆုံးအထိ ခံနိုင်ရည်ရှိအောင် ကြိုးစားနေတယ်။
`မ´သာ ကျွန်တော်ကို အချစ်စစ်နဲ့ ချစ်မယ်ဆိုရင်
`မ´မှာရှိတဲ့ ဘယ်ချွင်းချက်မဆို ကျွန်တော် လျစ်လျူရှု့လိုက်မယ်။
`မ´ရဲ့ အိမ်မက်ထဲက လူဖြစ်ချင်တယ်။
`မ´ရဲ့ သူရဲကောင်း ဖြစ်ချင်တယ်။
`မ´ရဲ့ တစ်ဦးတည်းသော ချစ်သူ ဖြစ်ချင်တယ်။

`အချစ်ဆုံး´
ဝေးနေတုန်းကလည်း ဝေးလို့မို့ ချစ်နေမိတာပဲ...
နီးစပ်နေတုန်းလည်း နီးစပ်နေလို့ ချစ်နေမိတာပဲ...
ရာသီ်တွေ ဘယ်လိုပဲ ပြောင်းပြောင်း၊
နေရာတွေ ဘယ်လိုပဲ ဝေးဝေး၊
မင်းကတော့ ငါ့ရဲ့ အချစ်ဆုံးပါ ချစ်သူ...
နွေနေ့ခင်း ပူပြင်းလည်း မင်းကို ငါ သတိရတယ်၊
မိုးဖွဲလေးတွေ ရွာသွန်းလည်း မင်းကို ငါ သတိရတယ်၊
ဆောင်းနှင်းတွေ ကျဆင်းလည်း မင်းကို ငါ သတိရတယ် ချစ်သူ...
အိပ်ရာထ၊ အိပ်ရာဝင်တိုင်း မင်းမျက်နှာကို မြင်ယောင်နေမိတယ်၊
အောက်နှုတ်ခမ်းနဲ့ အပေါ်နှုတ်ခမ်းထိတိုင်း ငါမင်းကို လွမ်းနေမိတယ်၊
အချစ်ဆုံး...အချစ်ဆုံး...သူများတွေ ပြောတိုင်း ငါရယ်နေမိတယ်၊
အရူးတွေလို့ ထင်နေခဲ့မိတယ်၊ ငါ မင်းကို ချစ်မိတော့မှ
အရူးဆိုတဲ့ ဂုဏ်ပုဒ်ကို ငါ ကျေကျေနပ်နပ် ခံယူခဲ့တယ် ချစ်သူ...

`အိမ်မက်ချစ်သူ´
အိမ်မက်တွေထဲမှာ အမြဲစိုးမိုးနေသူလေးရယ်...
တစ်ညတစ်လေလည်းမဟုတ်၊ ညတိုင်းညတိုင်း မင်းပဲ စိုးမိုးနေတယ်။
အိမ်မက်တိုင်းမှာ မင်းဟာ မပါမဖြစ်ပဲ...
နေ့ဘက်အိပ်လည်း မင်းပဲ၊
ညဘက်အိပ်လည်း မင်းပဲ၊
ဘယ်အချိန်အိပ်အိပ် မင်းနဲ့ တိုးတာပဲ ချစ်သူ...
မင်းနဲ့တွေ့ချင်လို့ ငါအိပ်ရာကို စောစောဝင်ရတာကိုက အကျင့်တစ်ခု၊
ကြာကြာလေး မင်းနဲ့တွေ့ရဖို့ အိပ်ရာနောက်ကျထရတာကလဲ တစ်ခု၊
အိမ်မက်မက်နေရင်း မင်းနာမည်ကို ယောင်ပြီးအော်မိတာက တစ်ခု၊
ငါ အိပ်ငိုက်နေရင်တောင် မင်းကရောက်လာတတ်တာ၊
ဘာကြောင့်လဲ ချစ်သူ...
 
 
 KaungMinHtat.f4@Gmail.com