Blogger news

Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Thursday, May 5, 2011

CDMA ဖုန်းကတ်များ ခွဲခွဲခြားခြား သုံးစွဲပါ


ယခုလက်ရှိအချိန်တွင် သုံးစွဲလျက်ရှိသော CDMA 800 MHz ဖုန်းများနှင့် CDMA 450 MHz ဖုန်းများ၏ Prepaid Card ကြိုငွေပေးကတ်များကို တစ်မျိုးခြင်းစီသာ ခွဲခြားအသုံးပြုရမည် ဖြစ်ကြောင်း ဖုန်းကတ်အရောင်းဆိုင်များမှ သိရသည်။
ယခင်ကြိုတင်ငွေပေးကတ် (Pre-paid card) တစ်ခုတည်းဖြင့် CDMA 800 MHz နှင့် CDMA 450 MHz ဖုန်းများအတွင်းထည့်သွင်း အသုံးပြုနိုင်သော်လည်း ယခုအခါတွင် အဆိုပါဖုန်းများအတွက် ကြိုတင်ငွေပေးကတ်ကို သီးသန့်ခွဲခြားဝယ်ယူ သုံးစွဲရမည်ဖြစ် ကြောင်း ငွေကြိုတင်ပေးကတ်များသည် ပြည်ပခေါ်ဆိုမှုအတွက် FEC 20 တန်နှင့် FEC 50 တန်များကို သုံးစွဲရမည်ဖြစ်ပြီး ပြည်တွင်းအတွက် တစ်သောင်းနှင့် သုံးသောင်းကျပ်ဖြစ် ကြောင်း Elite Tech IT Services Co.,Ltd မှ သိရသည်။
Ref : News Watch Weekly

အချိန်မှန် သည့် လေကြောင်းလိုင်း အဖြစ် မြန်မာ့ လေကြောင်းကို ရွေးချယ် သတ်မှတ်

အချိန်မှန် သည့် လေကြောင်းလိုင်း အဖြစ် မြန်မာ့ လေကြောင်းကို ရွေးချယ် သတ်မှတ် စစ်တမ်း ကောက်ယူ မှုတွင် ပါဝင်သည့် ပြည်ပ လေကြောင်း လိုင်း ၅၁ ခု အနက် အချိန်မှန် ထွက်ခွာမှု၌ ရာခိုင်နှုန်း ၁၀၀ ဖြင့် အမှတ်ပြည့် ရရှိသည့် လေကြောင်း လိုင်း နှစ်ခု သာရှိပြီး China Southern လေ ကြောင်းလိုင်း နှင့် မြန်မာ့ လေကြောင်းလိုင်း တို့ ဖြစ်ကြောင်း၊ ထိုလေကြောင်း လိုင်းနှစ်ခု ၏ နောက်တွင် အမေရိကန် လေကြောင်း က ဆန္ဒမဲ ၉၆ ဒသမ ၈ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ ကာတာ လေကြောင်းက ဆန္ဒမဲ ၉၆ ဒသမ ၄ ရာခိုင် နှုန်းဖြင့် တတိယ၊ ပင်လယ် ကွေ့ လေကြောင်း (Gulf Air)က ဆန္ဒမဲ ၉၆ ဒသမ ၁ ရာခိုင်နှုန်းဖြင့် စတုတ္ထ နေရာမှ ရပ် တည် လျက်ရှိသည်။

Myanmar Mini Saloon ကားဈေးကွက် ရေပန်းစား ကျပ်သိန်း ၁၅၀ အထိ ဈေးခေါ် လျက်ရှိနေ

Myanmar Mini Saloon ကားဈေးကွက် ရေပန်းစား ကျပ်သိန်း ၁၅၀ အထိ ဈေးခေါ် လျက်ရှိနေ မော်တော်ကား ဈေးနှုန်း အဆ မတန် မြင့်တက် နေသည့် ယခု အချိန် တွင် လူလတ် တန်းစား ပြည်သူများ ဈေးနှုန်း ချိုသာ စွာဖြင့် မော်တော်ကား အသစ် ၀ယ်စီး နိုင်ရေး ရည်ရွယ်ချက် ဖြင့် အမှတ်(၂) စက်မှု ၀န်ကြီး ဌာနက ထုတ်လုပ်လိုက် သည့် Myanmar Mini Saloon ကားလေးများ ထုတ် လုပ် ရောင်းချ ပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ကားလေးများ ရောင်းချမည့် အစီအစဉ် နှင့် ပတ်သက်၍ အမှတ်(၂) စက်မှု ၀န်ကြီး ဌာနမှ ရုံးအဖွဲ့မှူး ဦးသွင်မြင့် မောင်ထံ သို့ မြန်မာ ပို့စ် က ဆက်သွယ် မေးမြန်း ကြည့်ရာ ဦးသွင်မြင့်မောင် က “အမှတ်(၂) စက်မှု ၀န်ကြီး ဌာနက ရောင်းချ ပေးမည့် ကားသစ် ကလေး၏ အမည်ကို ချယ်ရီ ၀က်ဂွန်ကား ဟု သတင်း မီဒီယာ များက မှားယွင်း ရေးသား ဖော်ပြ နေကြကြောင်း၊ အမှန်မှာ Myanmar Mini Saloon ဖြစ်ကြောင်း၊ လျှောက်လွှာ ပုံစံ သတ်မှတ် ထားခြင်း မရှိကြောင်း၊ လျှောက်လွှာ မရောင်းချ ကြောင်း၊ အမှတ်(၂) စက်မှု ၀န်ကြီးဌာန၊ နေပြည်တော် သို့ လိပ်မူ လျက် မိမိ ကိုယ်တိုင် ပြည့်စုံစွာ ရေးသား လျှောက်ထား ရမည်ဖြစ်ကြောင်း၊

ကမ္ဘာ့အကြီးဆုံး စားသောက်ပွဲကြ

တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့တွင် မိမိတို့ဘာသာချက်ပြုတ်ယူဆောင်လာသော ထမင်းပွဲဟင်းပွဲများဖြင့် စုပေါင်းထမင်းစားပွဲတော်ကြီးကို တစ်စုတစ်ဝေးတည်းပျော်ပါးစွာ စားသောက် ဆင်နွဲခဲ့ကြသည်။ ဟင်းပွဲပေါင်း (၈၀၀၀)ပါဝင် သဖြင့် ကမ္ဘာ့စံချိန်အဖြစ် ဂင်းနက်စ်စာအုပ်ကြီးတွင် စာရင်းဝင် သွားသည်။

ငွေစက္ကူ အဟောင်းနှင့် အကြွေ သန်း ၈,၀၀၀ ခန့် ဗဟိုဘဏ် က လဲလှယ် ပေးပြီးဖြစ်၊ ကူပွန် မပေးရန် လုပ်ငန်းရှင်များအား ခေါ်ယူ သတိပေ


ငွေစက္ကူ အဟောင်းနှင့် အကြွေ သန်း ၈,၀၀၀ ခန့် ဗဟိုဘဏ် က လဲလှယ် ပေးပြီးဖြစ်၊ ကူပွန် မပေးရန် လုပ်ငန်းရှင်များအား ခေါ်ယူ သတိပေး “ပြီးခဲ့တဲ့ တစ်ပတ်က ဗိုလ်ဆွန်ပက် လမ်းထဲမှာ တရားမ၀င် ငွေလဲ လှယ်ပေးနေ သူနှစ်ဦးကို ဖမ်းသွား တယ်။ တချို့ဆို ၁၀,၀၀၀ ဖိုးလဲရင် ၀န်ဆောင်ခ ကျပ် ၂,၀၀၀ ပေးရတယ်။ ၁၀၀ ကို ၂၀တိုး ယူတာနဲ့ တူနေပြီ။ အမြတ်မယူဘဲ လဲလှယ် ပေးနေတာ တွေရှိတယ်။ မြန် မြန်ဆန်ဆန် လဲလှယ် ပေးရင် ကျွန် တော်တို့ အတွက် ပို အကျိုးရှိမယ်။ အရင်က ကျပ်၅၀၊ ၁၀၀ လိုရင် သကြား လုံးနဲ့ တစ်သျှူး ပေးတယ်။ မြို့ထဲက အခပေး အိမ်သာတွေ သွား ကြည့်လိုက်ပါ။ ဒီအတိုင်းပါပဲ။ အကြွေ ပြန်အမ်း တဲ့နေ့ ထီ သွားထိုးလိုက်ပါ။ ရှစ်မိုင် ဂျန်းရှင်းမှာ မုန့်သွား စားတာ ပြန်အမ်းငွေ ကျပ်၂၅၀ မရှိ လို့ ဘောပင် တစ်ချောင်း ပေးတယ်။ ငွေအကြွေ ရှားပါး မှုက အဲဒီလောက် အထိ ဖြစ်နေပြီ” ဟု ကိုယ် တွေ့ကြုံသူ တစ်ဦးက သုံးသပ် ပြောကြား သည်။
အများ ပြည်သူ အဆင်ပြေ စေရေး အတွက် သက်ဆိုင်ရာ က ငွေအကြွေ များ လဲလှယ် ပေးနေ သော်လည်း လက်တွေ့ တွင် မူ အခက်အခဲ များ ကြုံတွေ့ ရလျက် ရှိနေသေး ကြောင်း သိရသည်။ ထို့ကြောင့် အာဏာ ပိုင် အဖွဲ့အစည်း များက လိုအပ် သလို ကွင်း ဆင်း စစ်ဆေး ကြပ်မတ် သင့်ကြောင်း ကိုယ် တွေ့ကြုံသူများ က တညီတညွတ် တည်း ပြောကြား ကြသည်။