Blogger news

Thursday, May 5, 2011

CDMA ဖုန်းကတ်များ ခွဲခွဲခြားခြား သုံးစွဲပါ


ယခုလက်ရှိအချိန်တွင် သုံးစွဲလျက်ရှိသော CDMA 800 MHz ဖုန်းများနှင့် CDMA 450 MHz ဖုန်းများ၏ Prepaid Card ကြိုငွေပေးကတ်များကို တစ်မျိုးခြင်းစီသာ ခွဲခြားအသုံးပြုရမည် ဖြစ်ကြောင်း ဖုန်းကတ်အရောင်းဆိုင်များမှ သိရသည်။
ယခင်ကြိုတင်ငွေပေးကတ် (Pre-paid card) တစ်ခုတည်းဖြင့် CDMA 800 MHz နှင့် CDMA 450 MHz ဖုန်းများအတွင်းထည့်သွင်း အသုံးပြုနိုင်သော်လည်း ယခုအခါတွင် အဆိုပါဖုန်းများအတွက် ကြိုတင်ငွေပေးကတ်ကို သီးသန့်ခွဲခြားဝယ်ယူ သုံးစွဲရမည်ဖြစ် ကြောင်း ငွေကြိုတင်ပေးကတ်များသည် ပြည်ပခေါ်ဆိုမှုအတွက် FEC 20 တန်နှင့် FEC 50 တန်များကို သုံးစွဲရမည်ဖြစ်ပြီး ပြည်တွင်းအတွက် တစ်သောင်းနှင့် သုံးသောင်းကျပ်ဖြစ် ကြောင်း Elite Tech IT Services Co.,Ltd မှ သိရသည်။
Ref : News Watch Weekly

0 comments:

Post a Comment