Windows 7 မှာ အသံ gtalk ပြောတဲ့ အခါ အသံမထွက်ဘူး ဆိုပြီး ပြောနေတဲ့ သူငယ်ချင်းတွေ အတွက်ပါ။ သူငယ်ချင်း မေးထားကတည်းက ပုံတွေ ထုတ်ပြီး စာမရေးဖြစ်လို့ ကြာနေခဲ့ပါတယ်။ အားလည်း နာတယ်။ ခင်လည်း ခင်ပါတယ်။ ဟီးဟီး။ အခု တစ်ခါ စိုးမိုးက မေးလာလို့ ပုံလေးတွေပဲ တင်လိုက်ပါတယ်။ အဲဒီထဲက အတိုင်း ရအောင် လိုက်လုပ်လိုက်ရင် အသံထွက်သွားပါလိမ့်မယ်။ ( အခု ထုတ်ထားတာလေးတွေကDesktop အတွက် ဆိုတော့ Laptop အတွက် ဆိုရင် တချို့နေရာတွေ ပျောက်နေ / ပိုနေ ပါလိမ့်မယ်။ ) ဒါက ပြဿနာ မရှိပါ။ ပေါ်နေတဲ့ အတိုင်းသာ အနည်းငယ်လေး ဖြည့်စွက် လုပ်သွားပါ အဆင်ပါလိမ့်မယ်။
ပထမဦးဆုံး Task Bar က Speaker ပုံလေးကို Right Click နှိပ်လိုက်ပြီး Playback Devices ကို နှိပ်လိုက်ပါ။ ဒါဆိုရင် အောက်ကလို ပုံပေါ်လာပါလိမ့်မယ်။ အဲဒီအထဲကနေ ပုံမှာ ပြထားသလိုတွေ ဖြစ်အောင် ကလိကြည့်ပါ။ နာနာသာ ကလိပါ။ စိတ်မပူပါနဲ့။ ပြင်တဲ့ ဆိုင်တွေ ရှိပါတယ်။ ဒီထက်ဆိုးလာရင် တူကြီးကြီးနဲ့သာ မနားတမ်း ထုချပါ :P အသစ်ရောင်းသော ဆိုင်များ ရှိပါတယ်။
လုပ်နည်းကိုတော့ အသေးစိပ် မရေးနိုင်တော့ပါ။ ကိုယ်လုပ်ချင်တဲ့ တစ်ခုကို ရွေးပါ။ ဥပမာ Speaker ကို ကလစ်ပြီး ရွေးပါ။ နောက်ပြီးတော့မှ Set Default နဲ့ Properties ကို နှိပ်ပြီး အထဲမှာ ပုံပါတဲ့ အတိုင်း ရအောင် ပြင်ကြည့်ပါ။ ပြီးရင်တော့ ရသွားပါပြီ။ ဒါလေးပါပဲ။ ပုံများကို သေချာ မြင်ချင်ရင် ကလစ်နှိပ်ကြည့်ပါ။ အဆင်ပြေပါစေ.......ကောင်းမင်းထက်
Saturday, November 13, 2010
Windows 7 အသံထွက်ဖို့
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment