Sunday, May 29, 2011
Sunday, May 8, 2011
WMP Skins
windows media player skins
အသစ်လေးများပြောင်းလဲသုံးစွဲလိုပါက
လိုချင်တာလေးရွေးဒေါင်းလိုက်ပါ
ပုံတွေတော့မပြနေတော့ဘူးဗျာနော်
ဒေါင်းသာကြည့်ပေတော့...
အဆင်ပြေကြပါစေ...
ပုံတွေတော့မပြနေတော့ဘူးဗျာနော်
ဒေါင်းသာကြည့်ပေတော့...
အဆင်ပြေကြပါစေ...
Thursday, May 5, 2011
CDMA ဖုန်းကတ်များ ခွဲခွဲခြားခြား သုံးစွဲပါ
ယခုလက်ရှိအချိန်တွင် သုံးစွဲလျက်ရှိသော CDMA 800 MHz ဖုန်းများနှင့် CDMA 450 MHz ဖုန်းများ၏ Prepaid Card ကြိုငွေပေးကတ်များကို တစ်မျိုးခြင်းစီသာ ခွဲခြားအသုံးပြုရမည် ဖြစ်ကြောင်း ဖုန်းကတ်အရောင်းဆိုင်များမှ သိရသည်။
ယခင်ကြိုတင်ငွေပေးကတ် (Pre-paid card) တစ်ခုတည်းဖြင့် CDMA 800 MHz နှင့် CDMA 450 MHz ဖုန်းများအတွင်းထည့်သွင်း အသုံးပြုနိုင်သော်လည်း ယခုအခါတွင် အဆိုပါဖုန်းများအတွက် ကြိုတင်ငွေပေးကတ်ကို သီးသန့်ခွဲခြားဝယ်ယူ သုံးစွဲရမည်ဖြစ် ကြောင်း ငွေကြိုတင်ပေးကတ်များသည် ပြည်ပခေါ်ဆိုမှုအတွက် FEC 20 တန်နှင့် FEC 50 တန်များကို သုံးစွဲရမည်ဖြစ်ပြီး ပြည်တွင်းအတွက် တစ်သောင်းနှင့် သုံးသောင်းကျပ်ဖြစ် ကြောင်း Elite Tech IT Services Co.,Ltd မှ သိရသည်။
Ref : News Watch Weekly
ယခင်ကြိုတင်ငွေပေးကတ် (Pre-paid card) တစ်ခုတည်းဖြင့် CDMA 800 MHz နှင့် CDMA 450 MHz ဖုန်းများအတွင်းထည့်သွင်း အသုံးပြုနိုင်သော်လည်း ယခုအခါတွင် အဆိုပါဖုန်းများအတွက် ကြိုတင်ငွေပေးကတ်ကို သီးသန့်ခွဲခြားဝယ်ယူ သုံးစွဲရမည်ဖြစ် ကြောင်း ငွေကြိုတင်ပေးကတ်များသည် ပြည်ပခေါ်ဆိုမှုအတွက် FEC 20 တန်နှင့် FEC 50 တန်များကို သုံးစွဲရမည်ဖြစ်ပြီး ပြည်တွင်းအတွက် တစ်သောင်းနှင့် သုံးသောင်းကျပ်ဖြစ် ကြောင်း Elite Tech IT Services Co.,Ltd မှ သိရသည်။
Ref : News Watch Weekly
မှတ်ဥာဏ်ကောင်းချင်ရင် နေ့လယ်တစ်ရေးအိပ်

အမေရိကန်သိပ္ပံပညာရှင်တစ်ခု လေ့လာ တွေ့ရှိချက်အရ ဦးနှောက်အတွင်းမှာ ရှိတဲ့ ဟစ်ပိုကမ်းပတ်စ် (Hippocampus) လို့ ခေါ်တဲ့နေရာသည် သတင်းအချက်အလက် အတွေ့အကြုံ အမြင်အကြားအသစ်တွေကို လက်ခံပေးတဲ့နေရာဖြစ်ကြောင်း၊ တစ်နေ့တာကာလအတွင်း သတင်းအချက်အလက် အသစ်များ ပြန်ဖြည့်ပေးနိုင်ကြောင်း၊ သို့သော် ခေတ္တ ခဏအိပ်စက်ပေးဖို့လိုကြောင်း၊ ယင်းသို့ ခေတ္တအိပ်ပျော်နေစဉ်တွင် ရှိပြီးသား သတင်းအချက်အလက်များကို ဦးနှောက် ရှေ့ပိုင်းရှိ Prefrontal cortex ဟုခေါ်သောနေရာသို့ ပြောင်းရွှေ့ပေးလိုက်ပြီး ထိုနေရာတွင် တာရှည်မှတ်သားသိမ်းဆည်းထားပေးသွားတာ ဖြစ်ကြောင်း သိရပါတယ်။
ဟစ်ပိုကမ်းပက်စ်သည်အီးမေးလ်စာ တိုက်ပုံး (email inbox)နှင့် အလားသဏ္ဌာန်တူ ကြောင်း၊ သို့သော် အိပ်လိုက်ပြီးနောက် အီးမေးလ်ကဲ့သို့ သတင်းအချက်အလက်များကို ရှင်းထုတ်ပြီးမှသာလျှင် အသစ်ဝင်လာသောသတင်း အချက်အလက်များကို လက်ခံနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီဖြစ်စဉ်ဟာ အိပ်ပျော်ခြင်း အဆင့်(၂) non-REM sleep တွင် ဖြစ်ပေါ်ကြောင်းလည်း သိရပါတယ်။
Ref : Health Digest
ရှည်ကျန်းမာစေဖို့ အမူအကျင့်ကောင်း (၇) ချက်
5:45 AM
No comments

ကျန်းမာရေးအတွက် ပဉ္စလက်ဆန်တဲ့ ယင်း သော့ချက်များက အောက်ပါအတိုင်း ဖြစ်ပါ တယ်။
• ဆေးလိပ်မသောက်ပါနှင့်။
• သင့်ကိုယ်အလေးချိန်ကို ထိန်းပါ။
• နံနက်စာ စားပါ။
• ထမင်းစားချိန်များအကြား သရေစာမစားပါနှင့်။
• ကိုယ်လက်လှုပ်လှုပ်ရှားရှား နေထိုင်ပါ။
• တစ်နေ့ အရက် ၂ ခွက်ထက် ပိုမသောက်ပါနှင့်။
• ညအိပ်ချိန် ၇ နာရီမှ ၈ နာရီအကြားရှိပါစေ။
Ref : Health Digest
အချိန်မှန် သည့် လေကြောင်းလိုင်း အဖြစ် မြန်မာ့ လေကြောင်းကို ရွေးချယ် သတ်မှတ်

Myanmar Mini Saloon ကားဈေးကွက် ရေပန်းစား ကျပ်သိန်း ၁၅၀ အထိ ဈေးခေါ် လျက်ရှိနေ

အဆိုပါ ကားလေးများ ရောင်းချမည့် အစီအစဉ် နှင့် ပတ်သက်၍ အမှတ်(၂) စက်မှု ၀န်ကြီး ဌာနမှ ရုံးအဖွဲ့မှူး ဦးသွင်မြင့် မောင်ထံ သို့ မြန်မာ ပို့စ် က ဆက်သွယ် မေးမြန်း ကြည့်ရာ ဦးသွင်မြင့်မောင် က “အမှတ်(၂) စက်မှု ၀န်ကြီး ဌာနက ရောင်းချ ပေးမည့် ကားသစ် ကလေး၏ အမည်ကို ချယ်ရီ ၀က်ဂွန်ကား ဟု သတင်း မီဒီယာ များက မှားယွင်း ရေးသား ဖော်ပြ နေကြကြောင်း၊ အမှန်မှာ Myanmar Mini Saloon ဖြစ်ကြောင်း၊ လျှောက်လွှာ ပုံစံ သတ်မှတ် ထားခြင်း မရှိကြောင်း၊ လျှောက်လွှာ မရောင်းချ ကြောင်း၊ အမှတ်(၂) စက်မှု ၀န်ကြီးဌာန၊ နေပြည်တော် သို့ လိပ်မူ လျက် မိမိ ကိုယ်တိုင် ပြည့်စုံစွာ ရေးသား လျှောက်ထား ရမည်ဖြစ်ကြောင်း၊
ဒွေးမယ်နော်ရဲ့ ငွေတောင်ပြည်
5:42 AM
No comments


လူနှင့်မျက်နှာ (ကာတွန်းဝိဇ္ဖာ)
စာအုပ်အမည် – လူနှင့်မျက်နှာ
ရေးသားသူ – ကာတွန်းဝိဇာ
အမျိုးအစား – ကာတွန်း
လူနှင့်မျက်နှာ (ကာတွန်းဝိဇ္ဖာ)Download Here
ရေးသားသူ – ကာတွန်းဝိဇာ
အမျိုးအစား – ကာတွန်း
လူနှင့်မျက်နှာ (ကာတွန်းဝိဇ္ဖာ)Download Here
ပုစွန်ကစော့သီး ငါးပိချက်

ပုစွန်ကျော့ - ၁၀ ကျပ်သား
ကစော့သီး - အခါးပန်းကန်တစ်လုံးစာခန့် (အညှာခြွေပြီး)
သရက်သီးစိမ်း - အလုံးကြီးလေးစိပ် တစ်စိပ်ခန့်
ကင်းမွန် ငါးပိ - အနည်းငယ်
ငရုတ်သီးစိမ်း နဲ့ နံနံပင်
ပြုလုပ်ပုံအဆင့်ဆင့်
ကျော့ပုစွန်ကို ငါးပိချက်ရာမှာ အကောင်လိုက်ဆိုတာထက် နှစ်ပိုင်းလေးတွေ ဖြစ်အောင်လှီး ပြီး အရသာနယ်ထားရင် ပိုကောင်းပါတယ်။ ပြီးတော့ ကစော့သီးလေးတွေကို အညှာခြွေပြီး ရင် အလယ်ကနေထက်ခြမ်းလေးတွေ လှီးထားပါမယ်။ သရက်သီးကိုလည်း ခြစ်နဲ့ အမျှင် ရှည်လေးတွေရအောင် ခြစ်ထားပါမယ်။ ကင်းမွန်ငါးပိ အနည်းငယ်ကိုလည်း ပန်းကန်လုံး ထဲမှာ ရေနည်းနည်းနဲ့ အရည်ပျစ်ပျစ်လေးရအောင် မွှေပေးလိုက်ပါ။
စချက်ပြီဆိုရင်တော့ ကြက်သွန်ဆီသပ်တဲ့အခါ ပထမဆုံး ရေနဲ့ဖျော်ထားတဲ့ ကင်းမွန်ငါးပိ ကို ထည့်ပြီး အနံ့မွှေးအောင် သပ်ပေးရပါမယ်။ ငါးပိထဲထည့်ထားတဲ့ ရေလေးနည်းနည်း ခြောက်သွားပြီဆိုရင်တော့ နယ်ဖတ်ထားတဲ့ ပုစွန်ထည့်လို့ ရပါပြီ။ ပုစွန်လေးတွေရဲတဲ့အထိ မွှေပေးရပါမယ်။ ပုစွန်လေးတွေ ရဲလာပြီဆိုရင်တော့ ခြမ်းထားတဲ့ ကစော့ခါးသီးတွေနဲ့ ခြစ် ပြီးသား သရက်သီးတွေကိုပါ ထည့်ပြီး မွှေပေးပါမယ်။ သရက်သီးထဲက အချဉ်လေးထွက် သွားအောင် မွှေပေးပြီးရင်တော့ ရေထည့်ပြီး အုပ်ထားလိုက်ပါ။ ကစော့သီးက နူးညံ့သွားဖို့ အချိန်ယူရတာမို့ ရေပိုပိုသာသာ ထည့်ပြီး နူးအောင်တည်ပေးထားပါ။ နူးသွားပြီ ဆိုရင်တော့ ငရုတ်သီးစိမ်း ထောင်းထည့်ပြီး နံနံပင် အုပ်လို့ရပါပြီ။
အဲဒါဆိုရင်တော့ ပုံမှန်ငါးပိချက်တွေနဲ့ မတူဘဲ ချဉ်တဲ့အရသာလေးပါ တွဲဖက်ပါဝင်မယ့် ချဉ်ငန်စပ်ငါးပိချက်လေး သုံးဆောင်လို့ ရပါပြီ။
ငါးပိချက်လေးရဲ့ အရသာပိုပြီး ပြည့်စုံသွားအောင် ခရမ်းသီး၊ သခွားသီး၊ မုန်လာဥနီ၊ ရှောက်ရွက်၊ မြင်းခွာရွက် စတဲ့ တို့စရာတွေ စုံစုံလင်လင် ပြင်ဆင်လိုက်မယ်ဆိုရင်တော့ မြန်မာ့ထမင်းဝိုင်းစစ်စစ် တစ်ခုကို ပြင်ဆင်လို့ ရပြီပေါ့။
Ref : 7 Days News
Subscribe to:
Posts (Atom)